မိဖုရားခေါင်ကြီး စုဘုရားလတ်၏ ခါးစည်း တော်

11:24 AM MMTKS 0 Comments

ထူးခြားလှသည့် အရည်အချင်း ရှိသော လက်ရာ ဖြစ်သည့် ပရနကန် ရတနာ ပစ္စည်းတစ်ခုမှာ ပုံတွင် ဖော်ပြထားသည့် ရွှေဖြင့် ပြုလုပ်ထားသော စိန်ခါးစည်း ဖြစ် သည်။ ထိုခါးစည်းတွင် ဒေါင်းရုပ်ကို စိန်လုံး များနှင့် ပုံဖော်ထားသည်။ ဤခါးစည်းကို ၂၀ ရာစုနှစ် အစောပိုင်းလောက်က ထူးခြား လှသည့် ၇၅ ကာရက်ရှိသော စိန်လုံးရေများ ဖြင့် ပြုလုပ်ထားသည်။ ဘာကယ်လ် (Buckle)  နှင့် ဘေး...မှစိန်များသည် အ၀ါ ရောင်စိန်၊ အညိုရောင်စိန်နှင့် ပန်းရောင် သန်းသည့် လိမ္မော်ရောင် စိန်တို့ဖြင့် ပြုလုပ် ထားခြင်း ဖြစ်သည်။ ဒေါင်းရုပ် ကိုယ်ထည်မှ အလယ် စိန်လုံးမှာ ဥရောပ ၌ သွေးထား သော စိန်ဖြစ်ပုံ ရ၍ အလေးချိန် ၅ ကာရက် ရှိသည်။ ဤခါးစည်းမှ ဘာကယ်လ် (Buckle) ဒီဇိုင်းပုံမှာ ဖြုတ်လိုက်လျှင် စိန်ရင် ထိုး သဖွယ် သုံး၍ ရသည်။


ဤခါးစည်းသည် အိန္ဒိယတောင် ပိုင်းမှ ပန်း ထိမ်ဆရာများ လက်ရာ ဖြစ်သည်ဟု ယုံ ကြည်ရသည် ဟူ၍ ဖော်ပြထားပေရာ အရှင် နှစ်ပါး မဒရပ်ရောက်မှ သို့မဟုတ် ရတနာ ဂီရိ ရောက်စနှစ်များမှ ဤစိန်ခါး စည်းတော် ကို လုပ်လေသည်လား (သို့မဟုတ်) အိန္ဒိယ တောင်ပိုင်း လက်ရာ စိန်ခါးစည်းတော်ကို အရှင်နှစ်ပါး ရတနာပုံ နန်းတွင် စံစဉ်ကပင် မန္တလေးမှ အသုံးတော်ခံ (ဘုရင်အား တိုင်း တစ်ပါးမှ ပစ္စည်း ၀င်ရောက် ဆက်သွင်းရ သူ၊ များသောအားဖြင့် မြန်မာ-မွတ်စလင် များ) တို့က ဆက်သလေသည်လား ဆို သည့် အချက်နှစ်ချက်တွင် တစ်ချက်ချက် ဖြစ်မှာ သေချာသလောက်ရှိ၏။ (မောင်သန်းဆွေ ထားဝယ်)


ယခုလက်ရှိ မည်သည့်နေရာတွေ ရောက် နေသည်ကို မသိရပါ။


ကိုးကား - မြန်မာ့နန်းစဉ် ရတနာများ


lwanthu < onlineknowledge >


0 comments:

Myanmar to Thai ( for Android )

12:06 AM MMTKS 0 Comments

Myanmar to Thai ဘာသာပြန်ဆော့ဖ်ဝဲလေးတွေ့လို့တင်ပေး

လိုက်ပါတယ်နော်.. အသုံးဝင်မယ့်မိတ်ဆွေများအောက်မှာဒေါင်း

ယူနိုင်ပါတယ်ဗျာ.


DOWNLOAD  HEAR


credit>>>> www.mmitsky.com


နေဇာလင်း { ONLINEKNOWLEDGE }


0 comments:

မြို တိုးရင်းသားတို့၏ ရိုးရာတူရိယာ

9:23 PM MMTKS 1 Comments

တူရိယာ ဗူးခါးသီကိုပြုလုပ်ထားသော သလူပြားရွာက ရိုးရာပလွေ ...


Credit to : ဘဝဒဏ္ဍာရီ


1 comments:

မွန်လူမျိုးတို့ ၏ ရိုးရာဝတ်စုံအကြောင်း(အကျဉ်းချုပ်)

9:12 PM MMTKS 0 Comments

မွန်လူမျိုးတို့သည် ကိုယ့်ထီးကိုယ့်နန်းနှင့်မင်းဧကရာဇ်၊ စစ်သေနာပတိ၊ က၀ိဆရာ၊ မှူးကြီးမတ်ရာ၊ သူဋ္ဌေးသူကြွယ်၊ နယ်စားမြို့စား၊ ပြည်သူများ လူတန်းစားအမျိုးမျိုးရှိခဲ့ကြသည့် အားလျော်စွာဝတ်စားဆင်ယင်မှုသည်

လည်း လူတန်းစားကိုလိုက်၍ ၀တ်စားဆင်ယင်ခဲ့သည်မှာ ယုံမှားဖွယ်ရာ မရှိပါ။ ကျဉ်းမြောင်းသော လူမျိုးရေးဝါဒီပဒေသရာဇ်မင်းတို့ အုပ်စိုးသောခေတ်နှင့်နယ်ချဲ့တို့၏ လက်အောက်သို့ရောက်ရသော

ခေတ်တွင် မွန်လူမျိုးတို့၏ စာပေယဉ်ကျေးမှုသည်လည်း လွှမ်းမိုးဖျက်ဆီးခြင်းခံခဲ့ရသည်။ မြန်မာပြည်လွတ်လပ်ရေးရပြီး

နောက်ပိုင်းတွင် မွန်ဒေသမှ ယက္ကန်လုပ်ငန်းရှင်များသည် စီးပွားရေးအမြင်ဖြင့်ပိုမိုတွင်ကျယ်စွာ ရောင်းချနိုင်သော

မြန်မာ့အ၀တ်အထည်ကိုသာ ယက်လုပ်ကြပြီး မွန်လူမျိုးတို့၏၀တ်စားဆင်ယင်မှုကို လျစ်လျူရှုခဲ့ကြသည်။ ရာမညတိုင်းသားတို့သည် လွယ်ကူစွာရနိုင်သော အ၀တ်အထည်များကိုသာ ၀ယ်ယူသုံးစွဲခဲ့ကြသဖြင့် မွန်တို့၏ အ၀တ်အထည်များကို ပိုမို၍အ၀တ်နည်းလာကြသည်။ အမျိုးသားဝတ်စုံကို ၀တ်ဆင်ရန် လိုအပ်သည့်အခါတွင်မည်သည့်ဝတ်စုံကိုဝတ်ဆင်ရမည်ကိုပင် မဝေခွဲနိုင်သော အခြေအနေသို့ရောက်ခဲ့လေသည်။


တက္ကသိုလ်၊ ကောလိပ်များရှိတိုင်းရင်းသားလူမျိုးတိုင်းတွင် မိမိတို့တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဆပ်ကော်မတီများရှိကြသည်။

ကော်မတီတစ်ခုနှင့်တစ်ခု တွေ့ဆုံပွဲများ၊ စုပေါင်းကျင်းပသောပွဲများရှိကြသည်။ ပွဲတော်များတွင် တက္ကသိုလ် မွန်ကျောင်းသူ၊ ကျောင်းသားများသည်တခြားတိုင်းရင်းသား နည်းတူ မိမိတို့၏၀တ်စုံကို မ၀တ်ဆင်နိုင်ခဲ့ကြပေ။ ဥပမာ- 1971ခုနှစ် ရန်ကုန်တက္ကသိုလ်ပြည်ထောင်စုအလံသယ်ယူပွဲတွင် မိမိတို့၏ ၀တ်စုံပြည့်ဖြင့် ပါဝင်မဆင်နွှဲနိုင်သော အခြေအနေသို့ရောက်ခဲ့ရ၏။

မွန်အမျိုးသားများ၊ မွန်ရဟန်းတော်များ၊ ကျောင်းသူကျောင်းသားများ၊ မွန်လူငယ်များသည် မွန်ဝတ်စုံဖြစ်မြောက်လာအောင် တက္ကသိုလ်မွန်ကျောင်းသူ၊ ကျောင်းသားများသို့ စာနှင့်တစ်ဖုံ၊ လူနှင့်တစ်မျိုးတောင်းဆိုလာကြသည်။


အမျိုးသားဝတ်စုံထုတ်ဖော်ဖြစ်မြောက်ရေးကော်မတီကို (21.8.1971)စနေနေ့တွင် ရွှေတိဂုံဘုရားလမ်း၊ မွန်ပိဋကတ်တိုက်တွင် တက္ကသိုလ်၊ ကောလိပ်ကျောင်းသူကျောင်းသားများ၊

ကျောင်းသားဟောင်းများ ဦးစီး၍ ဖွဲ့စည်းလိုက်သည်။

(21.8.1971)ပထမအကြိမ်အစည်းအဝေးတွင် -

- မွန်လူမျိုးတို့၏ ရှေးဟောင်းအ၀တ်အစားနှင့်ယနေ့အ၀တ်အစားများကို အထောက်အထားပစ္စည်းအဖြစ်အသုံးပြုရန်မွန်ဒေသစုံသို့သွားရောက်

စုဆောင်းရန်။

- မွန်ဒေသကို ရောက်ရာတွင် တွေ့ရှိရသောပစ္စည်းများကို အကြောင်းအရာကိုသိရှိသော ပုဂ္ဂိုလ်များထံတွင် မေးမြန်းလေ့လာရန်။

- မွန်တို့၏၀တ်စားဆင်ယင်မှုအကြောင်းကို တတ်သိပုဂ္ဂိုလ်များနှင့်ဆွေးနွေးရန်။

- (5.9.1971)တွင် အစည်းအဝေးပြန်ခေါ်ပြီး ရရှိထားသောအချက်အလက်များကို ဆွေးနွေးရန်။

- ရရှိထားသောအဖြေများကိုပေါင်းစပ်ပြီး မွန်ဝတ်စုံအကြမ်းသဘောရွေးချယ်သတ်မှတ်ရန်။

- (12.9.1971)တွင် မွန်လူကြီးများ၊ လူငယ်လူလတ်၊ ရဟန်းတော်များ၊ ဆရာဆရာမများ၊ တက္ကသိုလ်ကျောင်းသား/သူများကိုဖိတ်ခေါ်ပြီး မွန်ဝတ်စုံကို သတ်မှတ်အတည်ပြုရန်။


ကော်မတီအဖွဲ့သည် ရန်ကုန်၊ မော်လမြိုင်၊ ပဲခူး၊ ပေါင်၊ ချောင်းဆုံ၊ မုဒုံ၊ သံဖြူဇရပ်၊ ရေး၊ ကျိုက်မရော၊ ကရင်ပြည်နယ်ကော့ဗိန်းရွာ မှ ပစ္စည်းအထောက်အထားအချက်အလက်များကို ဆည်းပူးလေ့လာခဲ့ကြပါသည်။

ရှေးခေတ်မွန်အ၀တ်အစားများ၊ နတ်ဝတ်နတ်စား၊ ပုဝါ၊ မွန်နှစ်နံစပ်လုံချည် ထမီများ ရရှိခဲ့ကြသည်။ ကော်မတီဝင်များ လုံချည်၊ ထမီများကို သုတေသနပြုရာတွင် အနီရောင်သည်အပေါ်လွင်ဆုံး အရောင်ဖြစ်သည်ကိုတွေ့ရသည်။လုံချည်တွင် အနီရောင်ခံပေါ်တွင် အဖြူရောင်အစင်းဖြင့်အကွက်များဖော်ထားခြင်းနှင့် ထမီတွင် အနီရောင်ခံပေါ်တွင် အနက်ရောင်အစင်းများဖြင့်အကွက်ဖော်

ထားသည်ကို တွေ့ရသည်။ရှေးခေတ်မွန်အမျိုးသားတို့ ရှပ်အင်္ကျီကို မ၀တ်ဆင်မီတွင် တိုက်ပုံနှင့်ဆင်သော အင်္ကျီတစ်မျိုးဝတ်ဆင် သည်ကိုတွေ့ရသည်။ တိုက်ပုံကဲ့သို့လက်ပွကျယ်၍ အဆုံးလက်ကောက်ဝတ်တွင် တိုက်ပုံမှာကဲ့သို့ လက်ခေါက်ထားခြင်းမရှိပေ။

လည်ပင်းတွင် စတစ်ကော်လာကဲ့သို့ ကော်လာတိုရှိသည်။ တခြားတိုက်ပုံများကဲ့သို့ကြယ်သီးမတပ်ရင်ဖွင့်ဝတ်ဆင်၍ မရသဖြင့် အမြဲတစေကြိုးချည်၍စေ့ထားရသည်။ ယင်းတိုက်ပုံတွင် အောက်အိပ်နှစ်လုံးသာပါသည်။

ရှေးခေတ်မွန်အမျိုးသမီးဝတ်စုံမှာ ယနေ့ခေတ်အထိ အများဆုံးအဖြူရောင်ကိုဝတ်ဆင်ကြသည်။ ရှေးခေတ်အင်္ကျီသည် ရင်ခွဲမဟုတ်ဘဲခေါင်းမှစွပ်ရ၀တ်ဆင်ရသည်။ လည်ဝိုက်ပုံသဏ္ဍာန်နှင့် (V) သဏ္ဍာန်ရှိသည်။ ကြယ်သီးနှင့်ချည်စရာကြိုးများ

မလိုချေ။ ကရင်အမျိုးသမီးများကဲ့သို့အစင်းအကြောင်းဖော်ထားခြင်းမရှိချေ။ လက်မှာလက်ရှည်ဖြစ်သည်။


(12.9.1971)တနင်္ဂနွေနေ့ ကော်မတီအစည်းအဝေးတစ်ရပ်ကို မွန်ပိဋကတ်တိုက်တွင်ကျင်းပပြန်၏။ အစမ်းသဘောဝတ်စုံကို တက်ရောက်ကြသော ပုဂ္ဂိုလ်များလက်ခံကြ၏။ အမျိုးသားတိုက်ပုံ၏ပုံသဏ္ဍာန်ကို မကန့်ကွက်လိုသော်လည်း အရောင်

ကိုမူ ရဟန်းတော်များ မွန်လူကြီးများက ကန့်ကွက်ကြသည်။ သတ်မှတ်ထားသော အနက်ရောင်သည် မွန်တို့၏ အယူအဆအရ မင်္ဂလာမရှိသောအရောင်ဖြစ်သည်။ ရှေ့တိုက်ပုံကဲ့သို့ အဖြူရောင်တွင် အနီရောင်အစင်းဖြင့် လေးထောင့်အကွက်ကြီး

ဖော်ထားသော အစဖြင့် ချုပ်လုပ်ဝတ်ဆင်ရန် သဘောတူခဲ့ကြသည်။


အစည်းအဝေးမှသတ်မှတ်သော

မွန်အမျိုးသားဝတ်စုံမှာ >> အင်္ကျီအတွင်း ရှပ်အင်္ကျီယူပြီး အပြင်တိုက်ပံအတွက် အဖြူရောင်ပေါ်တွင် တစ်လက်မကွာ အနီတစ်ကြောင်း၊ လည်တွင် လက်မ၀က်ခန့်ဗျက်ချုပ်မည်။ လက်ကိုမခေါက်ပဲဆန့်ထားမည်။

အောက်အိပ်နှစ်လုံးပါမည်။ ကြိုးလေးကြောင်းတပ်မည်။ လျှာမပါချေ။ လုံချည်မှာ အနီရောင်ခံမည်။ အဖြူအကွက်ဖော်မည်။ အောက်ဆုံးအနားအဖြူ 1/4 လက်မထားမည်။ အနား၏အပေါ်တွင် အနီကွက်တစ်လက်မခွဲခန့် ပတ်ထားမည်။

အလယ်တွင် နှစ်နံစပ်သဘောဆောင်ရန် အောက်အနား

အဖြူအစင်းလက်မ၀က်ခန့် ပတ်ထားမည်။


မွန်အမျိုးသမီးဝတ်စုံမှာ >> အင်္ကျီကို အဖြူရောင်၊ Vသဏ္ဍာန် လည်ဝိုက်၊ ရင်စေ့၊ ကြိုးငါးချောင်းတပ်ရန်၊ လက်ရှည်၊ အောက်အနားအနည်းငယ်ပိုရှည်ရန်၊ ထမီ မှာ အနီရောင်ခံ၊ ကြက်ခြေခတ်အနက်ကွက်၊ ရောင်စုံအစင်းပတ်(6)လက်မ၊

အနီရောင်နှင့်အဖြူရောင်ယှက်ထားသော ဗြောင် 15 လက်မအောက်ဆုံးအနား၊ အနီခံအနက်ကွက် 21လက်မ၊ ရောင်စုံအစင်း 6လက်မ၊ အနီဖြူရောင်ဗြောင် 15 လက်မ၊ စုစုပေါင်း 42 လက်မ၊ ထပ်ဆင့်။


တက်ရောက်သူအားလုံးက ၀တ်စုံအားအတည်ပြုသတ်မှတ်ပြီး အစည်းအဝေးကိုအောင်မြင်စွာရုပ်သိမ်းခဲ့သည်။


မွန်ဝတ်စုံကို (10.10.1971)တနင်္ဂနွေနေ့ ရန်ကုန်တက္ကသိုလ် မွန်မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားတွင် စတင်ဝတ်ဆင်ခဲ့ကြသည်။

(12.10.1971)ရက်နေ့ ရန်ကုန်သို့ရောက်ရှိလာသော ကမ္ဘာလှည့် ဂျပန်လူငယ်များ ကြိုဆိုတွေ့ဆုံပွဲတွင် ယင်းသတ်မှတ်ထားသော ၀တ်စုံဖြင့် မွန်ကျောင်းသူကျောင်းသားများ သွားရောက်တွေ့ဆုံခဲ့ကြသည်။

(23.10.1971)ရက်နေ့ ရန်ကုန်တက္ကသိုလ်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဆပ်ကော်မတီများမိတ်ဆက်ပွဲအခမ်းအနားကို မွန်ကျောင်းသူကျောင်းသား၊ ဆရာဆရာမများ အမျိုးသားဝတ်စုံကို တင့်တယ်စွာ ၀တ်ဆင်နိုင်ခဲ့ကြ၏။ ညီရင်းအစ်ကိုများနှင့်

မိတ်ဆက်နိုင်ခဲ့ကြ၏။ 1972ခုနှစ် တက္ကသိုလ်မွန်ပြက္ခဒိန်တွင်လည်း ယင်းမွန်ဝတ်စုံဖြင့် ၀တ်ဆင်ထားသော မွန်ကျောင်းသူကျောင်းသားများ၏ ပုံကိုထည့်သွင်းခဲ့ကြသည်။အထက်ဖော်ပြပါကြိုးပမ်းအားထုတ်မှုတို့သည်

ရေရှည်ခိုင်မာသော ၀တ်စုံမရှိသည့် မွန်လူမျိုးများအတွက် ၀တ်စုံတစ်စုံ မားမားမတ်မတ်ပေါ်ထွက်လာခဲ့ပါသည်။ မွန်လူမျိုးထုတစ်ရပ်လုံးသည်လည်း တာဝန်သိသိနှင့် မွန်အမျိုးသားဝတ်စုံကို ကျယ်ပြန့်စွာ ၀တ်ဆင်လာရန်ဆောင်ရွက်ခြင်း၊ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ခြင်း တို့သည် မွန်လူမျိုးများအတွက် မည်မျှတန်ဘိုးရှိသည်။ အကျိုးရှိသည်ကို နားလည်သဘောပေါက်ရန်အထူးလိုအပ်လှပါသည်။ ထို့ကြောင့် မွန်အမျိုးသား၊ အမျိုးသမီးများသည် မိမိတို့၏

အမျိုးဘာသာသာသနာနှင့်ယဉ်ကျေးမှု အမွေအနှစ်

များကို တန်ဘိုးထားကြပါ။ မြတ်နိုးကြပါ။ ခင်တွယ်ကြပါ။ ၀တ်ဆင်ကြပါလို့ တိုက်တွန်းအားပေးစကား ပြောကြားလိုက်ရပါသည်။


ဗညားအောင်မိုး(ဆေးတက္ကသိုလ်)တက္ကသိုလ်မွန်မဂ္ဂဇင်း

ဆောင်းပါး မှ ကောက်နုတ်တင်ပြပါသည်။


0 comments:

မြန်မာ့ အမျိုးသမီးသူရဲကောင်းမ မချစ်ပို

8:44 PM MMTKS 0 Comments

မြန်မာနိုင်ငံ၏ တစ်ဦးတည်းသော သူရဘွဲ့ရရှိသူ အမျိုးသမီး သူရဲကောင်း ထားဝယ်သူ သူရ မချစ်ပို


၁၉၅၀ပြည့်နှစ် လွတ်လပ်ရေးနေ့တွင် နိုင်ငံတော် အစိုးရမှ "သူရ"ဘွဲ့ ချီးမြှင့်ပေးအပ်ခဲ့သူ အမျိုးတစ်ဦး ရှိခဲ့ပါသည်။

မြန်မာ့ တပ်မတော်နှင့် မြန်မာနိုင်ငံတွင် တစ်ဦးတည်းသော အမျိုးသမီး "သူရ" ဘွဲ့ ပိုင်ရှင်ဖြစ်ပါသည်။ ၄င်းမှာ ထားဝယ်သူ "သူရ မချစ်ပို" ဖြစ်ပါသည်။

မချစ်ပိုကို ၁၉၀၇ ခုနှစ်တွင် ထားဝယ်မြို့ တွင် မွေးဖွား၍ ထားဝယ်မြို့ တွင်ပင် ကြီးပြင်းခဲ့ပါသည်။ မချစ်ပိုသည် အသက်(၂၀)အရွယ် ၁၉၄၇ ခုနှစ်တွင် BE တပ်ထဲဝင်သွားသော မောင်ဖြစ်သူအာ ရှာဖွေရန် ထားဝယ်မှ ပြင်ဦးလွင်သို့ တစ်ဦးတည်းထွက်ခွါ သွားခဲ့ပြီး ပြင်ဦးလွင်မြို့ရှိ ဦးကြွယ်၊ ဒေါ်ပုတို့၏ မွေးစားသမီးကဲ့သို့ ချစ်ခြင်းကို ရရှိကာ ၄င်းအိမ်တွင် ဆက်လက် နေထိုင်ဖြစ်သွားလေသည်။ ထို့နောက် ဦကြွယ်ဒေါ်ပုတို့နှင့် ရင်းနှီးသူ BE တပ်မှ တပ်ကြပ် လှမောင်နှင့် လူငယ်သဘာဝ ချစ်ကျွမ်းဝင်ကာ အိမ်ထောင် ကျသွားလေတော့သည်။

မချစ်ပို BE တပ်မှ စစ်သည်ဖြင့် အိမ်ထောင်ကျပြီးနောက် ၁၉၄၉ ခုနှစ် ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့ တွင် KNDO

တပ်ဖွဲ့များသည် မေမြို့ (ယခုပြင်ဦးလွင်မြို့) အား အလစ်အငိုက်စီးနင်းသိမ်းပိုက်လိုက်လေသည်။ ထိုအချိန်ကမေမြို့တွင် ဗိုလ်မှူးထင်ပေါ်နှင့်

ဗိုလ်ကြီး ဘဖြူ ဦးစီးသော အမှတ် (၁) BEတပ်ခွဲနှင့် အမှတ်(၂)BE တပ်ခွဲတို့သည် ရရာလက်နက်ခဲယမ်းများ သိမ်းဆည်းကာ လားရှိုးဘက်

သို့ ဆုတ်ခွာသွားခဲ့ကြသည်။ ထိုသို့ ဆုတ်ခွာသွားသော တပ်များသည် လားရှိုးတွင် ပြန်လည်စုဖွဲ့ကာ မေမြို့ သို့ ပြန်လည် ချီတက်ခဲ့ကြ

လေသည်။

မေမြို့ ရေချမ်းအိုးရွာဘက်တွင် တိမ်းရှောင်နေကြသော BE တပ်မှ အရာရှိစစ်သည်များနှင့် ကျန်တပ်ပေါင်းစုံမှ တပ်

ဖွဲ့ဝင်များလည်း BE တပ်တွင် လာရောက်ပူးပေါင်းခဲ့ကြလေသည်။ ထို့နောက်.... တပ်ပေါင်းစု အင်အားဖြင့် ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့တွင်

ပြန်လည်တိုက်ခိုက်ခဲ့ရာ BE တပ်ကုန်း ( ယခု မေမြို့ အင်ဂျင်နီယာတပ်) နေရာကို ပြန်လည် သိမ်းပိုက် ရရှိခဲ့ပြီး လက်နက် ခဲယမ်းများကိုပါ

ရရှိလိုက်လေသည်။ ထို့အပြင် မြို့ တွင်းတိုက်ပွဲအဖြစ် ဆက်လက် တိုက်ခိုက်သော တပ်ဖွဲ့ဝင်များသည်လည်း မေမြို့ - လားရှိုး လမ်းတစ်

လျှောက် မြို့ မ ရုပ်ရှင်ရုံ ထိသိမ်းပိုက်လိုက်နိုင်ခဲ့လေသည်။

အင်ဂျင်နီယာတပ်မှ ဦးဆောင်ကာ မေမြို့ကို ပြန်လည်တိုက်ခိုက်ခဲ့သော ဖေဖေါ်ဝါရီလ (၂၄) ရက်နေ့အား BE တပ်ဖွဲ့

ခေါ် အင်ဂျင်နီယာတပ်ဖွဲ့နေ့ အဖြစ် ဂုဏ်ပြုမှတ်တမ်းတင်ခဲ့လေသည်။

ထိုသို့... ဖေဖေါ်ဝါရီလ ၂၄ ရက်တွင် စခန်းများရရှိပြီးဖြစ်သော်လည်း မြို့ တွင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲ

ဖြစ်ပြီး တစ်ဘက်နှင့်တစ်ဘက် ခြေကုတ်စခန်းများကို အားပြုကာ အဖွဲ့ငယ်များ စေလွှတ်၍ အပြန်အလှန် သတင်းထောက်လှမ်း တိုက်ခိုက်

နေကြလေသည်။ မြို့ပေါ်တွင်လည်း လေ့ကျင့်မှု မရှိသော အရပ်သားများသည်ပင် ရရာလက်နက်စွဲကိုင်ပြီး တပ်နှင့် ပူးပေါင်း` တိုက်ပွဲဝင်

ခဲ့ကြသည်။ ဤအခြေအနေတွင် ခက်ခဲသော ကိစ္စရပ် တစ်ခုမှာ ရန်သူ့ သတင်းထောက်လှမ်းရေးရရှိရေးပင် ဖြစ်လေသည်။

ထိုစဉ်က BEDT ကုန်းမှထွက်လိုက်သည်နှင့် ရန်သူသည် ယောက်ျားမှန်သမျှအားဖမ်းဆီးခြင်း သို့မဟုတ် ပစ်ခတ်ခြင်း

များ ပြုလုပ်လျှက်ရှိပြီး မိန်းမများမှာ ဈေးရောင်းခြင်း နွားကျောင်းခြင်းများဖြင့် ၀င်ထွက်လျှက်ရှိလေသည်။

BE တပ်ဦးစီးသော တပ်ပေါင်းစုအတွက် အခက်အခဲဖြစ်ပေါ်လျှက်ရှိသော သတင်းထောက်လှမ်း ရရှိရေးအတွက် မိမိ

ဆန္ဒအလျောက် တာဝန်ယူလိုက်သူမှာ ထားဝယ်သူလေး `` မချစ်ပို´´ ပင်ဖြစ်ပါသည်။

မချစ်ပိုသည် ထားဝယ်သူဖြစ်ခြင်းကြောင့် စကားပြောလျှင် အသံဝဲပြီး အသားမဖြူမညို၊ မျက်နှာလေးထောင့်စပ်စပ်၊

အရပ် ငါးပေသုံးလက်မခန့်ရှိသည်။ စကားပြောလျှင် ခပ်ပြတ်ပြတ်ပြောတတ်သဖြင့် လုပ်စရာရှိလျှင် ပြတ်ပြတ်သားသားလုပ်မည့် သဘော

ကိုဆောင်လေသည်။

မချစ်ပို၏ ယောက်ျားဖြစ်သူ တပ်ကြပ်လှမောင် အပါအ၀င် အင်ဂျင်နီယာတပ်ဖွဲ့များသည် လေ့ကျင့်ရေးတပ်ကုန်းတွင်

ရင်ဆိုင်ထားစဉ် တစ်ဘက်နှင့်တစ်ဘက် အဖွဲ့ငယ်များဖြင့် အပြန်အလှန် ပစ်ခတ်ကြရာမှ တပ်ကြပ် လှမောင်အား သေနတ်မှန်ကာ ဒဏ်ရာ

ရရှိခဲ့လေသည်။

မချစ်ပိုသည် ဓါးတို တစ်လက်နှင့် လက်ပစ်ဗုံးတို့ ယူဆောင်ပြီး ခမောက်ဆောင်းကာ၊ တုတ်တစ်ချောင်း၊ လွယ်အိတ်

တစ်လုံးတို့ဖြင့် နွားကျောင်းသမ ပုံသဏ္ဍာန်ဖြင့် DKDO တပ်များ တပ်စွဲထားသော မေမြို့ လေ့ကျင့်ရေး တပ်ကုန်း၊ ဆေးတပ်ကုန်းများ

ဘက်သို့ နည်းမျိုးစုံဖြင့် ၀င်ရောက်ကာ... ရန်သူ၏ လက်နက်ကြီးများ ထားရှိရာနေရာ၊ ကွပ်ကဲရေးရုံး တည်နေရာနှင့် အခြား ထောက်လှမ်း

ရေး လုပ်ငန်းများကို လုပ်ဆောင်ခဲ့လေသည်။ ရန်သူသည် နွားတစ်အုပ်နှင့် မချစ်ပိုအား နွားကျောင်းနေသည်ဟုသာ ထင်နေခဲ့လေသည်။

မချစ်ပိုသည် နွားကျောင်းရင်းဖြင့် ရန်သူလက်နက်ကြီး ပစ်ကူနေရာများ၊ စက်သေနတ်ကြီးများ ချထားသည့် နေရာများ

အား တပ်ဖွဲ့ထံသတင်းပြန်လည်ပို့ပေးနိုင်ခဲ့လေသည်။ တစ်ခါတစ်ရံ ရန်သူအဖွဲ့ငယ် သုံးလေးဦးခန့်ဖြင့် ဆုံတွေ့စဉ် အခွင့်သာပါက လက်ပစ်

ဗုံးဖြင့် တိုက်ခိုက်လာခဲ့ရာ ရန်သူတပ်ဖွဲ့များ အတော်ပင် အထိနာခဲ့လေသည်။

စစ်ဆင်ရေးတွင် ကျင်လည်လာသော မချစ်ပိုသည် လက်ရှိ လုပ်ဆောင်ချက်အား အားမလိုအားမရဖြစ်ကာ ထမီအစား

ဘောင်းဘီဝတ်လိုကြောင်း..... နေရာတိုင်း သုံးမရသော လက်ပစ်ဗုံးအစား သေနတ် တတ်ဆင်ပေးရန်နှင့် နေ့ခင်းဘက်တွင် ထောက်လှမ်း

ရရှိခဲ့သော နေရာများအား ညဘက်တွင် တပ်ဖွဲ့နှင့် အတူ လိုက်ပါတိုက်ခိုက်လိုကြောင်း တင်ပြခဲ့လေသည်။

မချစ်ပို၏ တင်ပြချက်အား ဗိုလ်ကြီးဘဖြူမှ သဘောတူကာ ရိုင်ဖယ်ဖြင့်အဆင်မပြေနိုင်သဖြင့်မချစ်ပိုအားခြောက်လုံးပြူး

ထုတ်ပေးလိုက်သည်။ မချစ်ပိုသည် နေ့ခင်းဘက်တွင် သတင်းထောက်လှမ်း၍ ညဘက်တွင်ညတိုက်ပွဲများဆက်လက်ဆင်နွှဲကြလေသည်။

မချစ်ပိုပါဝင်သော တပ်ဖွဲ့၏ တိုက်ခိုက်မှုများကြောင့် KNDO အဖွဲ့များမှာ များစွာ အထိနာခဲ့လေသည်။

ထို့နောက် ထောက်ပံ့ရေးကုန်းသို့ ၀င်စီးသော ညတွင်ကား မချစ်ပိုကိုထိမှန်လေတော့သည်။ နေ့ခင်းဘက်က မချစ်ပို

ဝင်ရောက် ထောက်လှမ်းရရှိခဲ့သည့် လက်နက်ကြီးနေရာအား တပ်ဖွဲ့မှ နောက်ပိုင်းမှ မော်တာဖြင့် ဦးနှိမ် ပစ်ခတ်ထားပြီး.... မချစ်ပိုပါဝင်

သော အဖွဲ့က ရန်သူ၏ ခံစစ်စည်းထဲသို့ အတင်း ထိုးဖောက် ၀င်ရောက်သွားကြလေသည်။ ရန်သူများ ခေါင်းမထောင်နိုင်အောင်ဖြစ်နေချိန်

တွင် စစ်သည်များက လှံစွပ်ဖြင့် တက်ထိုးရန် ပြင်ဆင်ကြလေရာ... မချစ်ပိုက လက်မခံပဲ.... လက်ပစ်ဗုံးဖြင့် ပစ်မည်ဟု ဆိုကာ..... လှိမ့်၍

ချဉ်းကပ်သွားလေသည်။ မချစ်ပိုအပစ်မခံရစေရန် စစ်သည်များက ကာပစ်ပစ်ပေးရင်း ယောင်ပြလှုပ်ရှားမှုများပြုလုပ် ပေးကြလေသည်။

ရန်သူ့ သေနတ်သံများ ရပ်စဲသွားခဲ့ပြန်လေသည်။ မချစ်ပိုကား ထပ်မံ..... လက်စွမ်းပြခဲ့ပြန်လေသည်။

ချဉ်းကပ်မျဉ်းမှ ပြန်အထွက်တွင် မချစ်ပိုကို လှိမ့်မှောက်ပြီး ဆုတ်ခဲ့ရန် ပြောသော်လည်း ရန်သူအား အထင်သေးမိကာ

မတ်တတ် ပြန်လာခဲ့ခြင်းကြောင့်.... ရန်သူ့ သေနတ်သံ တစ်ချက်ထွက်ပေါ်လာပြီး မချစ်ပို ဗိုက်ကိုလက်နှင့်ဖိကာ လဲကျသွားခဲ့ရလေသည်။

မချစ်ပိုကား သတ္တိကောင်းလှပေသည်။ ဒဏ်ရာရသည့်တိုင် ညည်းညူခြင်းမရှိ၊ ဗိုက်ကို အ၀တ်ဖြင့်ပတ်ပြီး ဖိထားလေသည်။ ရဲဘော်များ

မချစ်ပိုကိုပွေ့ကာ မြို့ထဲဘက်သို့ ခေါ်ဆောင်သွားကြသည်။ ထို့နောက်.... မေမြို့ နယူးဆေးတိုက်မှ ဆရာဝန် ဒေါက်တာဘရှင် ရောက်ရှိ

လာပြီး မချစ်ပိုအား ကားဖြင့်တင်ကာ ဆေးတိုက်တွင် ညတွင်းချင်း ခွဲစိတ်ကုသပေးလေသည်။

ထိုသို့ ခွဲစိတ်ကုသပြီးသော အချိန်တွင်KNDO အဖွဲ့များကမသင်္ကာသဖြင့်ဆေးတိုက်သို့လာရောက်စစ်ဆေးကြကြောင်း

ဒေါက်တာဘရှင်က မင်သေသေဖြင့် ဟောက်လွှတ်သောကြောင့် ပြန်သွားကြကြောင်း သိရှိရလေသည်။

ထိုအချိန်က ခေတ်အခြေအနေအရ လျှပ်စစ်မီးနှင့် အောက်လင်းမီး မရှိခြင်းကြောင့်မချစ်ပို၏ ဒဏ်ရာကိုဖယောင်းတိုင်

မီးဖြင့်ပင် ခွဲစိတ်ကုသပေးခဲ့ကြောင်း ဒဏ်ရာအား ၁၅ ချက်ခန့် ချုပ်ခဲ့ရကြောင်း၊ မချစ်ပိုသည် ထိုဆေးတိုက်မှာပင်တစ်ပတ်ခန့်ပုန်းအောင်း

ကာ ဆေးကုသခံနေခဲ့ရကြောင်း အနာမကျက် သေးမီ မချစ်ပိုက ပြန်ချင်လှပြီဆိုကာ မွေးစားဖခင် ဦးကြွယ်၏ နေအိမ်သို့ ပြန်ခဲ့လေသည်။

KNDO အဖွဲ့မှ ဗိုလ်အဆင့်ရှိသော စောဘစံ ဆိုသူမှာ.... ထုံးဘိုရပ်ထဲမှ မချစ်ပု ဆိုသူ အမျိုးသမီးနှင့် ပတ်သက်လျှက်

ရှိကြောင်း။ မချစ်ပုနှင့် စောဘစံ၏ ယုတ်မာမှုများကြောင့် အရပ်ထဲမှ တခြားမိန်းကလေးများမှာလည်း ဖျက်ဆီးခံခဲ့ရသည်များလည်း ရှိခဲ့

ကြောင်း..... ။

စောဘစံ၏ အမျှောင်မယား မချစ်ပု ၏ လက်ထောက်ချမှုကြောင့်...... စောဘစံအဖွဲ့သည် မချစ်ပိုအား သိရှိသွားလေ

တော့သည်။ မချစ်ပို၏ လှုပ်ရှားမှုများအား စောင့်ကြည့်ကာ ဆေးတိုက်မှဆင်းပြီး ဦးကြွယ်၏ အိမ်တွင် ပုန်းခိုနေထိုင်နေသောမချစ်ပိုအား

စောဘစံ ခေါင်းဆောင်ပြီး လက်နက်ကိုင် လေးငါးဦးခန့်ဖြင့် မချစ်ပိုအား လာရောက်ဖမ်းဆီး ခေါ်ဆောင်ကြလေတော့သည်။

မချစ်ပိုသည် ထွက်ပြေးရန် မကြိုးစား၊ ဓားတိုတစ်ချောင်းကိုဝှက်ယူကာ လိုက်ပါသွားလေသည်။ ထိုရက်များတွင်မေမြို့

ရှိ BE တပ်များမှာ မန္တလေးသို့ ဆင့်ခေါ်ခြင်းခံရသဖြင့် ပြန်လည်ဆုတ်ခွာသွားကြလေရာ တပ်ဖွဲ့ဝင်များ၏ ဇနီးနှင့် သားသမီးများကို ကြည့်ရှု

စောင့်ရှောက်ထားနိုင်ခြင်း မရှိတော့သဖြင့် မိသားစုဝင်များမှာ ဟိုသည် ပုန်းအောင်း၍ နေခဲ့ကြရရှာသည်။


မချစ်ပိုမှာလည်း ဒဏ်ရာ မပျောက်ကင်းသေးသဖြင့် ကျန်ရစ်ခဲ့ရာမှ အဖမ်းခံလိုက်ရခြင်းဖြစ်လေသည်။ KNDO အဖွဲ့များ

သည် သာမန် စစ်သည် မိသားစုဝင်များကိုစိတ်မ၀င်စားခြင်း မရှိဘဲ ၄င်းတို့အား နည်းအမျိုးမျိုးဖြင့် တိုက်ခိုက်ကာ ဒုက္ခပေးခဲ့သော မချစ်ပို

ကိုသာ သဲကြီးမဲကြီးလိုက်ရှာနေခဲ့ကြခြင်းဖြစ်လေသည်။ မချစ်ပိုကို စောဘစံကသူ၏အမြှောင်မယား မချစ်ပု၏ အိမ်သို့ ဖမ်းဆီးခေါ်ဆောင်

သွားလေသည်။

ထိုအချိန်က မချစ်ပိုတွင် အံပွါးရှိခြင်းကြောင့် ဓား၊ သေနတ်ပြီးကာ သူမကိုယ်တိုင်သာမက နောက်က လိုက်ပါကြသူများ

သည်လည်း ကျည်ဆန်ထိမှန်ခြင်း မရှိဟု ယုံကြည်နေကြသည်။

စောဘစံ၏မယား မချစ်ပု၏ အိမ်သို့ ရောက်သည်နှင့်မချစ်ပိုကိုဖမ်းချုပ်ကာသူမ၏ အံသွားများကို ဓားဖြင့်ကလန့်ထုတ်

ကြလေသည်။ မချစ်ပိုသည် အံသွားအပို (အံပွား) ပါသူတစ်ဦးဖြစ်သည်။ မချစ်ပိုသည် ၀ှက်ယူလာသော ဓါးတိုဖြင့် သွားနှုတ်နေသူအား ထိုး

လေရာ နှစ်ဦးထံ ဓါးထိုးခံရကာ သေဆုံးလေတော့သည်.....။

မချစ်ပို၏ လုပ်ဆောင်ချက်ကြောင့် စောဘစံသည် မခံရပ်နိုင်ဖြစ်ကား သေနတ်ဆွဲ၍ မချစ်ပိုအား တရစပ် ပစ်ခတ်လေရာ မချစ်ပိုမှာ လဲကျသွားလေတော့သည်။

မချစ်ပိုသည် ဒဏ်ရာပြင်းထန်စွာရနေသော်လည်းအတန်ကြာသည်အထိ သေဆုံးခြင်းမရှိသဖြင့်အသက်ပြင်းသည်ဟု

ပြောစမှတ်ပြုကြလေသည်။ ထို့နောက် စောဘစံသည် မချစ်ပို၏အလောင်းအား ရေတွင်းထဲသို့ပစ်ချလိုက်လေသည်။ အပေါ်မှ အုတ်ခဲကျိုး

များ၊ ပန်းအိုးကွဲများ ပစ်ချထားလိုက်လေသည်။

ဤသို့ဖြင့် အမျိုးသမီး သူရဲကောင်း မချစ်ပိုသည် ( ၈-၄-၄၉ ) ရက်နေ့၊ အသက် (၄၂) နှစ် အရွယ်တွင် ကျဆုံးသွားခဲ့

ရရှာလေသည်။

မချစ်ပို ကျဆုံးသောနေ့ရက်တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံတပ်များက မန္တလေးမြို့အား ပြန်လည်

သိမ်းပိုက်သောနေ့ဖြစ်လေသည်။

ထို့နောက် မချစ်ပိုသေဆုံးပြီး (၃)ရက်ခန့်အကြာတွင် တပ်များ ပြန်လည်ရောက်ရှိလာပြီး မချစ်ပို၏ အလောင်းအားပြန်

လည်ဆယ်ယူကြလေသည်။

(၁၆-၄-၄၉) ရက်နေ့တွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ မန္တလေး - မေမြို့ ကားလမ်းအား စစ်ဆေးရန်ရာက်ရှိလာ

သော ဗိုလ်မှူးကြင်နှင့်စစ်သည်များသည် မချစ်ပို၏ အလောင်းကို စစ်အခမ်းအနားဖြင့် ကောင်းမွန်စွာ သင်္ဂြိုလ်ခဲ့ကြသည်။ မချစ်ပိုအတွက်

အမိန့် စာအား ဦးထွန်းအုံက ဖတ်ကြားကြောင်းသိရှိရလေသည်။

နိုင်ငံတော်အတွက်...... အသက်ကို ပဓာန မထားပဲ......သူရသတ္တိ ပြောင်မြောက်စွာဖြင့် နောက်ဆုံးအချိန်အထိ ရဲ့ဝံ့

စွန့်စားစွာ တိုက်ပွဲဝင်ခဲ့သော ``မချစ်ပို´´အား ၁၉၅၀ပြည့်နှစ်၊ လွတ်လပ်ရေးနေ့တွင် နိုင်ငံတော် အစိုးရမှ `` သူရ ´´ဘွဲ့ တံဆိပ်အား ချီးမြှင့်

ပေးအပ်ခဲ့လေသည်။

မေမြို့ ရှိ မချစ်ပို၏ အုတ်ဂူလေးကို အစဉ်အဆက် ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြလေသည်..... ၁၉၆၀ ပြည့်နှစ်တွင်

မေမြို့ အင်ဂျင်နီယာတပ်၌ ဗိုလ်မှူးတင်မောင် (သိပ္ပံ မှူးတင်) တပ်မှူး ဖြစ်သောအခါ အုတ်ဂူလေးကို ပြန်လည် မွမ်းမံခဲ့ကြောင်း သိရှိရလေ

သည်။


အမိမြေကိုချစ်သောအာဇာနည် အမျိုးသမီး “သူရမချစ်ပို” ၏ အုတ်ဂူဖြူဖြူလေးသည် ပြင်ဦးလွင်မြို့ ထုံးဘိုရပ်တွင်

ယနေ့တိုင် တည်ရှိနေဆဲဖြစ်ပါသည်။ မသိနားမလည်ကြသူ အချို့က အုတ်ဂူသင်္ချိုင်း မှာ မြို့ထဲရောက်နေသဖြင့် ရွှေ့ ပစ်သင့်သည်ဟု ထင်

မြင်ယူဆနေကြပါသည်။

`` သူရ မချစ်ပို ´´ ၏ အုတ်ဂူသည် သင်းင်္ချိုင်း မဟုတ်ပါ။ မေမြို့ (ပြင်ဦးလွင်) ကို ချစ်သော၊ မေမြို့ တိုက်ပွဲတွင် မြန်

မာ အမျိုးသမီးများ၏ စိတ်ဓါတ်ကို ပြဆိုနေသော.... ဂုဏ်ရောင်ကို ထွန်းလင်းစေသော စံအိမ်လေးတစ်ခုသာ ဖြစ်ပါသည်။

``သူရ မချစ်ပိုသည် ရုပ်ခန္ဓာ သေဆုံးသွားသော်လည်း စွမ်းရည် သတ္တိ မသေဆုံးသေးသော. ထာဝရရှင်သန် နေမည့်

ြုမန်မာ အမျိုးသမီးတစ်ဦးသည် အုတ်ဂူစံအိမ်လေးထဲတွင် အိပ်ပျော်နေခြင်းသာဖြစ်သညိဟု မှတ်ယူနားလည်မိပါသည်။

အမိမြေကိုချစ်သော သားကောင်း သမီးကောင်းများအကြောင်း ပြောဆိုရာတွင် မချစ်ပိုက မြန်မာ အမျိုးသမီးများ၏

အကြောင်းကို အသံမဲ့ ၀င်ရောက် ပြောဆိုနေဦးမည်.... ထာဝရပြောပြနေဦးမည်သာ ဖြစ်ပါကြောင်း ဂုဏ်ပြုရင်း.........

( အပြုံးပန်းဈေးခင်း အား ပြန်လည် မှီငြမ်းပါသည်....)


ကိုနေဇာလင်း


0 comments: