ပုဂံခေတ် ပျက်သုဉ်းပြီး နောက် မြန်မာနိုင်ငံ

12:52 PM MMTKS 0 Comments

ပုဂံ ခေတ် ပျက်သုဉ်း ပြီး နောက် မြန်မာနိုင်ငံ ဘေးပတ်ဝန်းကျင် အနေအထား များ ကို သမိုင်းဝင် အ ထောက် အ ထား များ အရ လေ့လာ ကြည့် လျှင် တရုတ် ပြည် ယူနန်နယ် ရှိ ရှမ်း ထိုင်း များ ၏ နန်ချို နိုင်ငံအား တာတာ ဘုရင် ကုဗလေခန် က ၀င်ရောက် တိုက်ခိုက် သိမ်းပိုက် လိုက်သဖြင့် နန်ချို ထိုင်း ရှမ်းများ သည် အရှေ့ တောင် ပိုင်း ဒေ သများ ဖြစ် သည့် အာသံ မြန်မာ နှင့် အင်ဒို ချိုင်းနား ဒေသများဆီ သို့ တိုးဝှေ့ ပြန့် နှံ့ လျက် မြန် မာ နိုင် ငံဘေး ပတ်ဝန်း ကျင် တွင် အဟုံး ဇင်းမယ် လင်းဇင်း သောက္ကတဲ ယိုးဒယား နိုင် ငံ များ ကို ထူထောင် လျက်ရှိ သည်။

မြန်မာနိုင်ငံ အရှေ့ ဘက် တလွှား တွင် အင်အားကြီးမား သည့် တရုတ်နိုင်ငံ ကြီးကို ဥ ရောပ တိုက် အရှေှ့ ပိုင်း နှင့် အာရှ တိုက် အလယ်ပိုင်း တခုလုံး ကို အောင်နိုင် ခဲ့သည့် တာတာ တို့ သည် သိမ်း ပိုက် အုပ် ချုပ် လျက် ရှိသည်။အိ န္ဒိယနိုင်ငံမြောက်ဘက်တလွှားနှင့်ဘင်္ဂလားနယ်များတွင် မူဆလင်နိုင်ငံများ ထူထောင်လျက်ရှိသည်။

အင်ဒို ချိုင်းနား ဒေသ ဘက် တွင် အင်အား ကြီးမား သည့် ကမ္ဗောဒီးယား နိုင်ငံတော် ကြီး သည် ထိုင်း ရှမ်း များ ၏ဝင် ရောက် တိုက်ခိုက်ခြင်း ကို ခံရသဖြင့် အင်အား ဆုတ်ယုတ်လျက်ရှိသည်။ သီဟိုနိုင်ငံသည် အိန္ဒိယနိုင်ငံ တောင် ပိုင်း ချိုလာ မင်းဆက်များ ၏ လက်အောက်ခံဘ၀ မှ လွတ် မြောက် လျက် ရှိ သည် ပုဂံခေတ်မတိုင်မှီ က ထက် အထူးခြားဆုံး ဖြစ်ရပ်မှာ ယူနန်နယ် ရှိ ထိုင်းရှမ်းတို့ ၏ နန်ချိုနိုင်ငံ ပျက်စီး သွားပြီး နောက်အရှေ့ တောင်ပိုင်းဒေသ များ သို့ အလုံးအရင်းနှင့် ၀င်ရောက်လာကြသည်။

ငှင်းတို့ အနက် အင်ဒို ချိုင်းနား ဒေသဘက် တွင် ကမ္ဗောဒီးယားနိုင်ငံ ပျက်စီးပြီး နောက် သက္ကရာဇ် ၁၃၅၀ ခု နှစ် တွင် အာယုဒ္ဓယမြို့တော်ကို ဗဟိုပြု၍ မဲနန်မြစ် ဝှမ်းဒေသတဝိုက်တွင် အင်အားကြီးမားသည့် ယိုးဒယား နိုင်ငံအား ထူ ထောင်လိုက်ခြင်းသည် အထူးခြားဆုံးသမိုင်းဝင်အဖြစ်အပျက်ကြီး တရပ်ပင်ဖြစ်သည်။

တဖန် သမိုင်းဝင် အထောက်အထား များဖြင့် ပုဂံခေတ် ပျက်သုဉ်းသွားပြီး နောက်ပိုင်း မြန်မာနိုင်ငံတွင်း သို့ လေ့ လာကြည့်လျှင် မြောက်ပိုင်း မောရှမ်းများ သည် သီပေါ သိန္နီ မိုးမိတ် ဗန်းမော် မိုးကောင်း မိုးညှင်း ကလေး သောင် သွပ် ခန်းတီး အရပ်ဒေသများ တွင် ရှမ်းစော်ဘွားများ ၏ အာဏာပိုင်ထူထောင်လျက်ငှင်း။ မြန်မာ နိုင်ငံ တောင် ဘက် တလွှားတွင် ငှင်း မြန်မာနိုင်ငံအလယ်ပိုင်းအရပ်ဒေသရှိ ရှမ်းများသည် ငှင်း ပြည် နယ် အ ကြီး အ ကဲ များ ဖြင့် စည်းလုံးညီညွှတ်ခြင်းမရှိပဲ တနယ်တမင်း စိုးစံအုပ်ချုပ်လျက်ရှိသည်။မြန်မာနိုင်ငံ အလယ်ပိုင်း ဧရာ ဝ တီနှင့် စစ်တောင်းမြစ်ဝှမ်း အရပ်ဒေသများတွင် မြန်မာလူမျိုး များသည် တနယ်တမင်း တဗိုလ်နှင့်တဗိုလ် တိုက် ခိုက် လျက်ရှိသည်။

ရခိုင် ကမ်းရိုး တန်း ဒေသတဝိုက် တွင် ရခိုင်လူမျိုး အကြီးအကဲများ နှင့်မင်းများသည် မြန်မာနိုင်ငံပြည်မ နှင့်လုံးဝ အဆက်အသွယ်ပြတ် လျက် မိမိတို့ဘာသာမိမိတို့ သီးခြားကင်းလွတ်နေထိုင်လျက် ရှိသည်။ မြန်မာနိုင်ငံ တောင် ဘက် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ နှင့် တနင်္သာရီ ကမ်းရိုးတန်းဒေသများ တွင် မွန် လူ မျိုးများ နှင့်အကြီး အကဲ များသည် ပုဂံ မင်း ဆက် များ အား ထောင် ထားခြားနား ကာ တနယ် တမင်း ထူ ထောင် လျက် ရှိသည် ကို ယေ ဘူယျတွေ့ရသည်။ ကျန် အချက်တချက်သည် ကား ပျူလူမျိုး များသည် လူမျိုး တမျိုးအဖြစ် မှ လုံး ဝ ပျောက် ကွယ် သွားခြင်းပင်ဖြစ်သည်။

ကျမ်းကိုး

ရှမ်းလူမျိုးများအကြောင်း။ ဒေါ့ဗ်

ရှမ်းခေတ်။ ဂျီအီးဟာဗီ ။ပန်း။ ဟောလ်။

ရခိုင်ရာဇ၀င် ။ အောင်သာဦး

အရှေ့တောင်အာရှရာဇ၀င်၊ ဟော-၁၉၅၅

မြန်မာရာဇ၀င် (ဟာဗေး ၁၉၂၅)


မိတ်ဆိနာ-ခေတ်ဦးဖုနန်-ဖန်-ပျူ နှင့်ရခိုင်ယိုးဒယားသင်းဂျာနယ်။

ရှေးဟောင်းမြန်မာခေတ်ဦး ပုဂံ နယူးယောက်။ ဂျေဂျေအော်စတင်။ -၁၉၆၉ လုစ်


မဟာ မြန်မာရာဇ၀င်တော်ကြီး ( ဦးကုလား )မှန်နန်းရာဇ၀င် သုံးတွဲ


0 comments:

ရွှေဖား သို့မဟုတ် ကမ္ဘာ့အဆိပ်အပြင်းဆုံး သတ္တဝါ

12:09 PM MMTKS 0 Comments

ကမ္ဘာ့အဆိပ်အပြင်းဆုံး သတ္တဝါစာရင်းထဲမှာ ထိပ်တန်းအဖြစ် ပါဝင်တဲ့ သတ္တဝါ တစ်မျိုးကတော့ ရွှေဖား (ရွှေအဆိပ်ဖား) (Golden poison frog) ဖြစ်ပါတယ်။

ရွှေဖား တစ်ကောင်မှ ထွက်တဲ့ ၁ မီလီဂရမ် အဆိပ်ဟာ ကြွက်ပေါင်း ၁ သောင်း သတ်လို့ ရပါတယ်။ လူဆိုရင် အယောက် ၂၀၊ ဆင်ဆိုရင် အာဖရိက ဆင် နှစ်ကောင် သေလောက်အောင်တောင် အဆိပ်ပြင်း ပါတယ်။ ဒါကြောင့် ၁ ဂရမ် ရှိတဲ့ ရွှေအဆိပ်ဖား တစ်ကောင်ဟာဆိုရင် လူ အယောက် ၁ သောင်းခွဲကို သေစေနိုင်တယိလို့ သိပ္ပံပညာရှင်တို့ တွက်ချက် လေ့ လာ တွေ့ရှိထားပါတယ်။

ဖြေဆေးလည်း တော်ရုံ ရှာလို့မရပဲ အဆိပ်မိရင် အားလုံး သေကြ ရပါတယ်။ ယင်း ရွှေဖားကသာ ကမ္ဘာပေါ်မှာ တစ်မျိုးတည်းသော ကိုယ့်အဆိပ်ကို ခံနိုင်ရည် ရှိသူများ ဖြစ်ပါတယ်။ သူ့အဆိပ်က ဘယ် သက်ရှိ သတ္တဝါကိုမဆို သတ်နိုင်ပါတယ်။ ယင်းဖားကို စားမိတဲ့ ဘယ်သတ္တဝါမဆိုလည်း သေရပါ တယ်။ Liophis epinephelus အမည်ရ မြွေ မျိုးကလွဲလို့ ဖြစ်ပါတယ်။ ဒါတောင် အပြည့်အဝမဟုတ်ပဲ Liophis မြွေလည်း အခန့်မသင့်ရင် သေပါ တယ်။

ပိုပြီးတော့ ကြောက်စရာ ကောင်းတာက ယင်းရွှေအဆိပ်ဖား တွေဟာ ဆိုရှယ် ဆန်ဆန် အစုလိုက် နေထိုင်ကြသူများ ဖြစ်ပါတယ်။ အနည်းဆုံး ၄ ကောင်လောက် စုနေပါတယ်။ ပြီးတော့ သက်ရှိ ဖားတွေထဲမှာ ယင်း olden poison frog က ဥာဏ်ရည်အမြင့်ဆုံး ဖြစ်ပါတယ်။ ဖားဘုရင် လို့တောင် တင်စားကြပါတယ်။ ဘယ်သက်ရှိ သတ္တဝါမှလည်း အန္တရာယ် မပေးရဲတဲ့အတွက် သူတို့ပတ်ဝန်းကျင်မှာတော့ ဘုရင်ပဲ ဖြစ်ပါတယ်။

အရွယ်အစား ၅၅ မီလီမီတာလောက်ထိ ကြီးနိုင်ပြီး ရွှေရောင်နဲ့ လိမ္မော်ရောင် အဆင်းရှိတတ်ပါတယ်။ သူတို့ နေထိုင်ကျက်စားတဲ့ နေရာကတော့ အပူချိန် 26 °C ထက် မနည်းတဲ့ မိုးသစ်တော ဒေသ ဖြစ်ပြီး မြန်မာပြည် မှာလည်း တွေ့ရတတ်ပါတယ်။

အဆိပ်ပြင်းတဲ့ မြွေဟောက်တစ်ကောင်တောင် အဆိပ်တစ်ခါ ထုတ်ရင် သက်ရှိ တစ်ဦး၊တစ်ကောင်ကိုသာ သေစေပြီး ရွှေအဆိပ်ဖား ကတော့ ထောင်သောင်းမကကို သေစေပါတယ်။ အဆိပ်ထုတ်စရာမလိုပဲ သူ့ရဲ့  ခန္ဓာကိုယ်ကိုက အဆိပ်တွေနဲ့ သင်းကြိုင်နေတာ ဖြစ်ပါ တယ်။ ရွှေ အဆိပ်ဖား လျှောက်သွားတဲ့ နေရာကို တစ်ရှုးနဲ့ သုတ်ပြီး ခွေး၊ကြက်တို့ကို ရှုစေရင် ချက်ချင်းသေစေတာကိုလည်း လက်တွေ့စမ်းသပ်တွေ့ ရှိခဲ့ပြီး ဖြစ်ပါ တယ်။

ဒါကြောင့် ရွှေအဆိပ်ဖား (Golden poison frog) ကို ကမ္ဘာ့အဆိပ်အပြင်းဆုံး သက်ရှိ သတ္တဝါအဖြစ် အများစု လက်ခံထားကြပါတယ်။

----

 credit to အောင်ခမ်း ( ရိုးရာလေး )

နေဇာလင်း { ONLINEKNOWLEDGE }


0 comments:

Happy Birthday Christmas

10:32 PM MMTKS 0 Comments

ချစ်သူငယ်ချင်းများ ပျော်ရွှင်စရာခရစ်စမတ် နေ့ ရက်လေးတွေမှာ ချမ်းသာစိတ္တ သုခ အဖြာဖြာ ပြည့်စုံနိုင်ကြပါစေကြောင်း


KoNayLinn<OnlineKnowLedgeGroup>

မှ တောင်းဆု မေတ္တာ ပို့ သအပ်ပါတယ်။


နေဇာလင်း { ONLINEKNOWLEDGE }


0 comments:

မင်းတုန်းမင်းကြီး၏ သမိုင်းအမှတ်တရ

12:25 PM MMTKS 0 Comments

မင်းတုန်းမင်းတရားကြီး နှင့် စင်္ကြာဒေဝီ

မင်းတုန်းမင်းတရားကြီး(၁၈၅၃-၁၈၇၈) သည် မြန်မာနိုင်ငံနှင့်ကုန်းဘောင်မင်းဆက် ၏ ဒုတိယ နောက်ဆုံး ဘုရင်ဖြစ်ပြီး နန်းတက် ဘွဲ့မှာ သိရီပ၀ရ ၀ိဇယာနန္တ ယသပဏ္ဍိတ တြိဘာဝနာဓိတျာဓိပတိ မဟာဓမ္မ ရာဇာဓိရာဇာဖြစ်သည်။ ၁၂၁၄-ခုနှစ် နန်းတက်တော်မူ၍ နန်းစည်းစိမ်၂၆-နှစ်၊ အိမ်နိမ့်စံ ၃၈-နှစ်၊ သက်တော် ၆၄-နှစ်၌ နတ်ရွာစံသည်။

၁၈၀၈ ခုနှစ် ၊ ဇူလိုင်လ (၈) ရက်နေ့တွင် အမရပူရ၌ မွေးဖွားခဲ့သည်။ နံတော် အင်္ဂါသား၊ ငယ်မည်မှာမောင်လွင်ဖြစ်သည်။

နောင်တော်ပုဂံမင်းနန်းတက်လာပြီးနောက်တွင် မင်းတုန်းနှင့်ကနောင်မင်းသား နှစ်ပါး ကို လွှတ်တက်မင်းသားကြီးများအဖြစ် ထား ခဲ့သည်။ သို့သော် ပုဂံမင်း၏ယောက်ဖတော် ဦးပွားနှင့် အပေါင်းအပါများက လုပ်ကြံရန် ကြံစည်သည့်အတွက် ညီတော် ကနောင် မင်းသားနှင့်အတူ ရွှေဘိုသို့သွားကာ နောင်တော် ပုဂံမင်းအား ပုန်ကန်ကြသည်။ ပုန်ကန်သည့်အစီအစဉ် အောင်မြင်ကာ ကုန်းဘောင်မင်းဆက်၏ ၁၀ ပါးမြောက် ဘုရင်ဖြစ်လာသည်။ ဘုရင် ဖြစ်လာပြီး နောက် နေပြည်တော်ကို မန္တလေးသို့ ၁၈၅၄ တွင် ပြောင်းရွှေ့နန်းစိုက်ခဲ့ပြီး ညီတော် ကနောင်မင်းသားကြီး ကို အိမ်ရှေ့စံ အဖြစ် အပ်နှင်းခဲ့သည်။ မင်းတုန်းမင်းတရားကြီး လက်ထက်တွင် ကနောင်မင်းသားကြီး၏ စီမံခန့်ခွဲမှုဖြင့် ဗြိတိန် ၊ ပြင်သစ် ၊ အီတလီ နှင့် အမေရိကန် နိုင်ငံများသို့ ပညာတော် သင်များ စေလွှတ်ခဲ့ပြီး စက်မှု လုပ်ငန်းများ တည်ထောင်ခဲ့သည်။ ၁၈၆၆တွင်သားတော် ပြည်မင်းသား ပုန်ကန်သည်ကို နှိမ်နှင်းရ သည်။ ၁၈၆၈ တွင် ကုသိုလ်တော် ဘုရားကို တည်ထားကိုးကွယ်ခဲ့ပြီး ကမ္ဘာ့အကြီးဆုံး စာအုပ်ကြီးဟု မှတ်တမ်းဝင်သည့် ဗုဒ္ဓ မြတ် စွာ ၏ ပိဋကတ် သုံးပုံကို ကျောက်စာဖြင့် ထွင်းထု ပူဇော်ခဲ့သည်။ ၁၈၇၁ တွင် ရွှေတိဂုံ စေတီတော် ကို ထီးတော်အသစ် တင်လှူခဲ့ သည်။ ၁၈၇၁ တွင်ပင် ပဉ္စမသင်္ဂါယနာ တင်နိုင် ခဲ့သည်။ ၁၈၆၆ ဇွန်လ (၁၈) တွင် မြင်ကွန်း မြင်းခုန်တိုင် အရေးအခင်း ဖြစ်ပွား ခဲ့ပြီး ညီတော် ကနောင်မင်းသားကြီး လုပ် ကြံ ခံခဲ့ရသည်။ မင်းတုန်းမင်းကြီးမှာမူလက် မတင်လေး လွတ်မြောက်သွားခဲ့သည်။ ကနောင်မင်းသားကြီး လုပ်ကြံခံရပြီးနောက် မင်းတုန်းမင်းကြီးသည် မက္ခရာမင်းသား၊ ပင်လယ်မင်းသားနှင့် သုံးဆယ်မင်းသား စ သည့် အရည်အချင်းရှိ သားတော်မင်းသား များရှိသော်လည်းထီးနန်းဆက်ခံရန်အိမ်ရှေ့ စံအပ်နှင်းခြင်းမရှိခဲ့ပေ မင်းတုန်းမင်းကြီး  မကျန်းမမာ ဖြစ်လာသောအခါ မိဖုရားခေါင် ဖြစ်သော ဆင်ဖြူမရှင်မိဖုရားကြီး (နန်းမတော်မယ်နု၏ သမီး)ကနန်းတွင်းရေး များကို ခြယ်လှယ်လာခဲ့သည်။ ထို့နောက် ဆင်ဖြူမရှင် မိဖုရားကြီး၏ အကြံဖြင့် စွမ်း ရည်ရှိသော မင်းသား(မင်းသွေး-၄၀)ကို ကွပ်မျက် သုတ်သင်ကာ မိမိတို့ ကြိုးဆွဲရာ ကမည့်သီပေါမင်းကို နန်းတင်ခဲ့သည်။

မင်းတုန်းမင်းတရားကြီး၌ မိဖုရားငါးကျိပ်၊ သားတော် ငါးကျိပ်နှစ်ပါး၊ သမီးတော် ငါးကျိပ် ခြောက်ပါး၊ မြေးတော် ယောက်ျား လေးကျိပ်တပါး၊ မြေးတော်မိန်းမ လေးကျိပ်နှစ်ပါး၊ မင်းမိဖု၇ား၊ သားတော်၊ သမီးတော်၊ မြေးတော်ယောက်ျားမြေးတော် မိန်းမ စုစုပေါင်း နှစ်ဆယ့်လေး ကျိပ်တပါး ရှိသည်ဟု သိရသည်။


မင်းတုန်းမင်း၏ ကုသိုလ်


ကျောက်တော်ကြီးဘုရား(မန္တလေး)တောင်အနီး

ကုသိုလ်တော် ဘုရား(မန္တလေး)


ပြန်လည်ပြုစုသူ


Credit လယ်တီမြေသား ( သို့ ) ဘလော့ ခရီးသည်

နေဇာလင်း { ONLINEKNOWLEDGE }


0 comments:

မိဖုရားခေါင်ကြီး စုဘုရားလတ်၏ ခါးစည်း တော်

11:24 AM MMTKS 0 Comments

ထူးခြားလှသည့် အရည်အချင်း ရှိသော လက်ရာ ဖြစ်သည့် ပရနကန် ရတနာ ပစ္စည်းတစ်ခုမှာ ပုံတွင် ဖော်ပြထားသည့် ရွှေဖြင့် ပြုလုပ်ထားသော စိန်ခါးစည်း ဖြစ် သည်။ ထိုခါးစည်းတွင် ဒေါင်းရုပ်ကို စိန်လုံး များနှင့် ပုံဖော်ထားသည်။ ဤခါးစည်းကို ၂၀ ရာစုနှစ် အစောပိုင်းလောက်က ထူးခြား လှသည့် ၇၅ ကာရက်ရှိသော စိန်လုံးရေများ ဖြင့် ပြုလုပ်ထားသည်။ ဘာကယ်လ် (Buckle)  နှင့် ဘေး...မှစိန်များသည် အ၀ါ ရောင်စိန်၊ အညိုရောင်စိန်နှင့် ပန်းရောင် သန်းသည့် လိမ္မော်ရောင် စိန်တို့ဖြင့် ပြုလုပ် ထားခြင်း ဖြစ်သည်။ ဒေါင်းရုပ် ကိုယ်ထည်မှ အလယ် စိန်လုံးမှာ ဥရောပ ၌ သွေးထား သော စိန်ဖြစ်ပုံ ရ၍ အလေးချိန် ၅ ကာရက် ရှိသည်။ ဤခါးစည်းမှ ဘာကယ်လ် (Buckle) ဒီဇိုင်းပုံမှာ ဖြုတ်လိုက်လျှင် စိန်ရင် ထိုး သဖွယ် သုံး၍ ရသည်။


ဤခါးစည်းသည် အိန္ဒိယတောင် ပိုင်းမှ ပန်း ထိမ်ဆရာများ လက်ရာ ဖြစ်သည်ဟု ယုံ ကြည်ရသည် ဟူ၍ ဖော်ပြထားပေရာ အရှင် နှစ်ပါး မဒရပ်ရောက်မှ သို့မဟုတ် ရတနာ ဂီရိ ရောက်စနှစ်များမှ ဤစိန်ခါး စည်းတော် ကို လုပ်လေသည်လား (သို့မဟုတ်) အိန္ဒိယ တောင်ပိုင်း လက်ရာ စိန်ခါးစည်းတော်ကို အရှင်နှစ်ပါး ရတနာပုံ နန်းတွင် စံစဉ်ကပင် မန္တလေးမှ အသုံးတော်ခံ (ဘုရင်အား တိုင်း တစ်ပါးမှ ပစ္စည်း ၀င်ရောက် ဆက်သွင်းရ သူ၊ များသောအားဖြင့် မြန်မာ-မွတ်စလင် များ) တို့က ဆက်သလေသည်လား ဆို သည့် အချက်နှစ်ချက်တွင် တစ်ချက်ချက် ဖြစ်မှာ သေချာသလောက်ရှိ၏။ (မောင်သန်းဆွေ ထားဝယ်)


ယခုလက်ရှိ မည်သည့်နေရာတွေ ရောက် နေသည်ကို မသိရပါ။


ကိုးကား - မြန်မာ့နန်းစဉ် ရတနာများ


lwanthu < onlineknowledge >


0 comments:

Myanmar to Thai ( for Android )

12:06 AM MMTKS 0 Comments

Myanmar to Thai ဘာသာပြန်ဆော့ဖ်ဝဲလေးတွေ့လို့တင်ပေး

လိုက်ပါတယ်နော်.. အသုံးဝင်မယ့်မိတ်ဆွေများအောက်မှာဒေါင်း

ယူနိုင်ပါတယ်ဗျာ.


DOWNLOAD  HEAR


credit>>>> www.mmitsky.com


နေဇာလင်း { ONLINEKNOWLEDGE }


0 comments:

မြို တိုးရင်းသားတို့၏ ရိုးရာတူရိယာ

9:23 PM MMTKS 1 Comments

တူရိယာ ဗူးခါးသီကိုပြုလုပ်ထားသော သလူပြားရွာက ရိုးရာပလွေ ...


Credit to : ဘဝဒဏ္ဍာရီ


1 comments:

မွန်လူမျိုးတို့ ၏ ရိုးရာဝတ်စုံအကြောင်း(အကျဉ်းချုပ်)

9:12 PM MMTKS 0 Comments

မွန်လူမျိုးတို့သည် ကိုယ့်ထီးကိုယ့်နန်းနှင့်မင်းဧကရာဇ်၊ စစ်သေနာပတိ၊ က၀ိဆရာ၊ မှူးကြီးမတ်ရာ၊ သူဋ္ဌေးသူကြွယ်၊ နယ်စားမြို့စား၊ ပြည်သူများ လူတန်းစားအမျိုးမျိုးရှိခဲ့ကြသည့် အားလျော်စွာဝတ်စားဆင်ယင်မှုသည်

လည်း လူတန်းစားကိုလိုက်၍ ၀တ်စားဆင်ယင်ခဲ့သည်မှာ ယုံမှားဖွယ်ရာ မရှိပါ။ ကျဉ်းမြောင်းသော လူမျိုးရေးဝါဒီပဒေသရာဇ်မင်းတို့ အုပ်စိုးသောခေတ်နှင့်နယ်ချဲ့တို့၏ လက်အောက်သို့ရောက်ရသော

ခေတ်တွင် မွန်လူမျိုးတို့၏ စာပေယဉ်ကျေးမှုသည်လည်း လွှမ်းမိုးဖျက်ဆီးခြင်းခံခဲ့ရသည်။ မြန်မာပြည်လွတ်လပ်ရေးရပြီး

နောက်ပိုင်းတွင် မွန်ဒေသမှ ယက္ကန်လုပ်ငန်းရှင်များသည် စီးပွားရေးအမြင်ဖြင့်ပိုမိုတွင်ကျယ်စွာ ရောင်းချနိုင်သော

မြန်မာ့အ၀တ်အထည်ကိုသာ ယက်လုပ်ကြပြီး မွန်လူမျိုးတို့၏၀တ်စားဆင်ယင်မှုကို လျစ်လျူရှုခဲ့ကြသည်။ ရာမညတိုင်းသားတို့သည် လွယ်ကူစွာရနိုင်သော အ၀တ်အထည်များကိုသာ ၀ယ်ယူသုံးစွဲခဲ့ကြသဖြင့် မွန်တို့၏ အ၀တ်အထည်များကို ပိုမို၍အ၀တ်နည်းလာကြသည်။ အမျိုးသားဝတ်စုံကို ၀တ်ဆင်ရန် လိုအပ်သည့်အခါတွင်မည်သည့်ဝတ်စုံကိုဝတ်ဆင်ရမည်ကိုပင် မဝေခွဲနိုင်သော အခြေအနေသို့ရောက်ခဲ့လေသည်။


တက္ကသိုလ်၊ ကောလိပ်များရှိတိုင်းရင်းသားလူမျိုးတိုင်းတွင် မိမိတို့တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဆပ်ကော်မတီများရှိကြသည်။

ကော်မတီတစ်ခုနှင့်တစ်ခု တွေ့ဆုံပွဲများ၊ စုပေါင်းကျင်းပသောပွဲများရှိကြသည်။ ပွဲတော်များတွင် တက္ကသိုလ် မွန်ကျောင်းသူ၊ ကျောင်းသားများသည်တခြားတိုင်းရင်းသား နည်းတူ မိမိတို့၏၀တ်စုံကို မ၀တ်ဆင်နိုင်ခဲ့ကြပေ။ ဥပမာ- 1971ခုနှစ် ရန်ကုန်တက္ကသိုလ်ပြည်ထောင်စုအလံသယ်ယူပွဲတွင် မိမိတို့၏ ၀တ်စုံပြည့်ဖြင့် ပါဝင်မဆင်နွှဲနိုင်သော အခြေအနေသို့ရောက်ခဲ့ရ၏။

မွန်အမျိုးသားများ၊ မွန်ရဟန်းတော်များ၊ ကျောင်းသူကျောင်းသားများ၊ မွန်လူငယ်များသည် မွန်ဝတ်စုံဖြစ်မြောက်လာအောင် တက္ကသိုလ်မွန်ကျောင်းသူ၊ ကျောင်းသားများသို့ စာနှင့်တစ်ဖုံ၊ လူနှင့်တစ်မျိုးတောင်းဆိုလာကြသည်။


အမျိုးသားဝတ်စုံထုတ်ဖော်ဖြစ်မြောက်ရေးကော်မတီကို (21.8.1971)စနေနေ့တွင် ရွှေတိဂုံဘုရားလမ်း၊ မွန်ပိဋကတ်တိုက်တွင် တက္ကသိုလ်၊ ကောလိပ်ကျောင်းသူကျောင်းသားများ၊

ကျောင်းသားဟောင်းများ ဦးစီး၍ ဖွဲ့စည်းလိုက်သည်။

(21.8.1971)ပထမအကြိမ်အစည်းအဝေးတွင် -

- မွန်လူမျိုးတို့၏ ရှေးဟောင်းအ၀တ်အစားနှင့်ယနေ့အ၀တ်အစားများကို အထောက်အထားပစ္စည်းအဖြစ်အသုံးပြုရန်မွန်ဒေသစုံသို့သွားရောက်

စုဆောင်းရန်။

- မွန်ဒေသကို ရောက်ရာတွင် တွေ့ရှိရသောပစ္စည်းများကို အကြောင်းအရာကိုသိရှိသော ပုဂ္ဂိုလ်များထံတွင် မေးမြန်းလေ့လာရန်။

- မွန်တို့၏၀တ်စားဆင်ယင်မှုအကြောင်းကို တတ်သိပုဂ္ဂိုလ်များနှင့်ဆွေးနွေးရန်။

- (5.9.1971)တွင် အစည်းအဝေးပြန်ခေါ်ပြီး ရရှိထားသောအချက်အလက်များကို ဆွေးနွေးရန်။

- ရရှိထားသောအဖြေများကိုပေါင်းစပ်ပြီး မွန်ဝတ်စုံအကြမ်းသဘောရွေးချယ်သတ်မှတ်ရန်။

- (12.9.1971)တွင် မွန်လူကြီးများ၊ လူငယ်လူလတ်၊ ရဟန်းတော်များ၊ ဆရာဆရာမများ၊ တက္ကသိုလ်ကျောင်းသား/သူများကိုဖိတ်ခေါ်ပြီး မွန်ဝတ်စုံကို သတ်မှတ်အတည်ပြုရန်။


ကော်မတီအဖွဲ့သည် ရန်ကုန်၊ မော်လမြိုင်၊ ပဲခူး၊ ပေါင်၊ ချောင်းဆုံ၊ မုဒုံ၊ သံဖြူဇရပ်၊ ရေး၊ ကျိုက်မရော၊ ကရင်ပြည်နယ်ကော့ဗိန်းရွာ မှ ပစ္စည်းအထောက်အထားအချက်အလက်များကို ဆည်းပူးလေ့လာခဲ့ကြပါသည်။

ရှေးခေတ်မွန်အ၀တ်အစားများ၊ နတ်ဝတ်နတ်စား၊ ပုဝါ၊ မွန်နှစ်နံစပ်လုံချည် ထမီများ ရရှိခဲ့ကြသည်။ ကော်မတီဝင်များ လုံချည်၊ ထမီများကို သုတေသနပြုရာတွင် အနီရောင်သည်အပေါ်လွင်ဆုံး အရောင်ဖြစ်သည်ကိုတွေ့ရသည်။လုံချည်တွင် အနီရောင်ခံပေါ်တွင် အဖြူရောင်အစင်းဖြင့်အကွက်များဖော်ထားခြင်းနှင့် ထမီတွင် အနီရောင်ခံပေါ်တွင် အနက်ရောင်အစင်းများဖြင့်အကွက်ဖော်

ထားသည်ကို တွေ့ရသည်။ရှေးခေတ်မွန်အမျိုးသားတို့ ရှပ်အင်္ကျီကို မ၀တ်ဆင်မီတွင် တိုက်ပုံနှင့်ဆင်သော အင်္ကျီတစ်မျိုးဝတ်ဆင် သည်ကိုတွေ့ရသည်။ တိုက်ပုံကဲ့သို့လက်ပွကျယ်၍ အဆုံးလက်ကောက်ဝတ်တွင် တိုက်ပုံမှာကဲ့သို့ လက်ခေါက်ထားခြင်းမရှိပေ။

လည်ပင်းတွင် စတစ်ကော်လာကဲ့သို့ ကော်လာတိုရှိသည်။ တခြားတိုက်ပုံများကဲ့သို့ကြယ်သီးမတပ်ရင်ဖွင့်ဝတ်ဆင်၍ မရသဖြင့် အမြဲတစေကြိုးချည်၍စေ့ထားရသည်။ ယင်းတိုက်ပုံတွင် အောက်အိပ်နှစ်လုံးသာပါသည်။

ရှေးခေတ်မွန်အမျိုးသမီးဝတ်စုံမှာ ယနေ့ခေတ်အထိ အများဆုံးအဖြူရောင်ကိုဝတ်ဆင်ကြသည်။ ရှေးခေတ်အင်္ကျီသည် ရင်ခွဲမဟုတ်ဘဲခေါင်းမှစွပ်ရ၀တ်ဆင်ရသည်။ လည်ဝိုက်ပုံသဏ္ဍာန်နှင့် (V) သဏ္ဍာန်ရှိသည်။ ကြယ်သီးနှင့်ချည်စရာကြိုးများ

မလိုချေ။ ကရင်အမျိုးသမီးများကဲ့သို့အစင်းအကြောင်းဖော်ထားခြင်းမရှိချေ။ လက်မှာလက်ရှည်ဖြစ်သည်။


(12.9.1971)တနင်္ဂနွေနေ့ ကော်မတီအစည်းအဝေးတစ်ရပ်ကို မွန်ပိဋကတ်တိုက်တွင်ကျင်းပပြန်၏။ အစမ်းသဘောဝတ်စုံကို တက်ရောက်ကြသော ပုဂ္ဂိုလ်များလက်ခံကြ၏။ အမျိုးသားတိုက်ပုံ၏ပုံသဏ္ဍာန်ကို မကန့်ကွက်လိုသော်လည်း အရောင်

ကိုမူ ရဟန်းတော်များ မွန်လူကြီးများက ကန့်ကွက်ကြသည်။ သတ်မှတ်ထားသော အနက်ရောင်သည် မွန်တို့၏ အယူအဆအရ မင်္ဂလာမရှိသောအရောင်ဖြစ်သည်။ ရှေ့တိုက်ပုံကဲ့သို့ အဖြူရောင်တွင် အနီရောင်အစင်းဖြင့် လေးထောင့်အကွက်ကြီး

ဖော်ထားသော အစဖြင့် ချုပ်လုပ်ဝတ်ဆင်ရန် သဘောတူခဲ့ကြသည်။


အစည်းအဝေးမှသတ်မှတ်သော

မွန်အမျိုးသားဝတ်စုံမှာ >> အင်္ကျီအတွင်း ရှပ်အင်္ကျီယူပြီး အပြင်တိုက်ပံအတွက် အဖြူရောင်ပေါ်တွင် တစ်လက်မကွာ အနီတစ်ကြောင်း၊ လည်တွင် လက်မ၀က်ခန့်ဗျက်ချုပ်မည်။ လက်ကိုမခေါက်ပဲဆန့်ထားမည်။

အောက်အိပ်နှစ်လုံးပါမည်။ ကြိုးလေးကြောင်းတပ်မည်။ လျှာမပါချေ။ လုံချည်မှာ အနီရောင်ခံမည်။ အဖြူအကွက်ဖော်မည်။ အောက်ဆုံးအနားအဖြူ 1/4 လက်မထားမည်။ အနား၏အပေါ်တွင် အနီကွက်တစ်လက်မခွဲခန့် ပတ်ထားမည်။

အလယ်တွင် နှစ်နံစပ်သဘောဆောင်ရန် အောက်အနား

အဖြူအစင်းလက်မ၀က်ခန့် ပတ်ထားမည်။


မွန်အမျိုးသမီးဝတ်စုံမှာ >> အင်္ကျီကို အဖြူရောင်၊ Vသဏ္ဍာန် လည်ဝိုက်၊ ရင်စေ့၊ ကြိုးငါးချောင်းတပ်ရန်၊ လက်ရှည်၊ အောက်အနားအနည်းငယ်ပိုရှည်ရန်၊ ထမီ မှာ အနီရောင်ခံ၊ ကြက်ခြေခတ်အနက်ကွက်၊ ရောင်စုံအစင်းပတ်(6)လက်မ၊

အနီရောင်နှင့်အဖြူရောင်ယှက်ထားသော ဗြောင် 15 လက်မအောက်ဆုံးအနား၊ အနီခံအနက်ကွက် 21လက်မ၊ ရောင်စုံအစင်း 6လက်မ၊ အနီဖြူရောင်ဗြောင် 15 လက်မ၊ စုစုပေါင်း 42 လက်မ၊ ထပ်ဆင့်။


တက်ရောက်သူအားလုံးက ၀တ်စုံအားအတည်ပြုသတ်မှတ်ပြီး အစည်းအဝေးကိုအောင်မြင်စွာရုပ်သိမ်းခဲ့သည်။


မွန်ဝတ်စုံကို (10.10.1971)တနင်္ဂနွေနေ့ ရန်ကုန်တက္ကသိုလ် မွန်မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားတွင် စတင်ဝတ်ဆင်ခဲ့ကြသည်။

(12.10.1971)ရက်နေ့ ရန်ကုန်သို့ရောက်ရှိလာသော ကမ္ဘာလှည့် ဂျပန်လူငယ်များ ကြိုဆိုတွေ့ဆုံပွဲတွင် ယင်းသတ်မှတ်ထားသော ၀တ်စုံဖြင့် မွန်ကျောင်းသူကျောင်းသားများ သွားရောက်တွေ့ဆုံခဲ့ကြသည်။

(23.10.1971)ရက်နေ့ ရန်ကုန်တက္ကသိုလ်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဆပ်ကော်မတီများမိတ်ဆက်ပွဲအခမ်းအနားကို မွန်ကျောင်းသူကျောင်းသား၊ ဆရာဆရာမများ အမျိုးသားဝတ်စုံကို တင့်တယ်စွာ ၀တ်ဆင်နိုင်ခဲ့ကြ၏။ ညီရင်းအစ်ကိုများနှင့်

မိတ်ဆက်နိုင်ခဲ့ကြ၏။ 1972ခုနှစ် တက္ကသိုလ်မွန်ပြက္ခဒိန်တွင်လည်း ယင်းမွန်ဝတ်စုံဖြင့် ၀တ်ဆင်ထားသော မွန်ကျောင်းသူကျောင်းသားများ၏ ပုံကိုထည့်သွင်းခဲ့ကြသည်။အထက်ဖော်ပြပါကြိုးပမ်းအားထုတ်မှုတို့သည်

ရေရှည်ခိုင်မာသော ၀တ်စုံမရှိသည့် မွန်လူမျိုးများအတွက် ၀တ်စုံတစ်စုံ မားမားမတ်မတ်ပေါ်ထွက်လာခဲ့ပါသည်။ မွန်လူမျိုးထုတစ်ရပ်လုံးသည်လည်း တာဝန်သိသိနှင့် မွန်အမျိုးသားဝတ်စုံကို ကျယ်ပြန့်စွာ ၀တ်ဆင်လာရန်ဆောင်ရွက်ခြင်း၊ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ခြင်း တို့သည် မွန်လူမျိုးများအတွက် မည်မျှတန်ဘိုးရှိသည်။ အကျိုးရှိသည်ကို နားလည်သဘောပေါက်ရန်အထူးလိုအပ်လှပါသည်။ ထို့ကြောင့် မွန်အမျိုးသား၊ အမျိုးသမီးများသည် မိမိတို့၏

အမျိုးဘာသာသာသနာနှင့်ယဉ်ကျေးမှု အမွေအနှစ်

များကို တန်ဘိုးထားကြပါ။ မြတ်နိုးကြပါ။ ခင်တွယ်ကြပါ။ ၀တ်ဆင်ကြပါလို့ တိုက်တွန်းအားပေးစကား ပြောကြားလိုက်ရပါသည်။


ဗညားအောင်မိုး(ဆေးတက္ကသိုလ်)တက္ကသိုလ်မွန်မဂ္ဂဇင်း

ဆောင်းပါး မှ ကောက်နုတ်တင်ပြပါသည်။


0 comments: